ကော့ကရိတ်မြို့နယ်ရှိ အထက်တန်းကျောင်း(ချောင်းတောင်) ပေါ်သို့ ဒရုန်းဖြင့် လာရောက်ပစ်ခတ်

အောက်တိုဘာ ၂၄ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ချောင်းတောင်) သို့
အကြမ်းဖက်သမားများ ထိန်းချုပ်မောင်းနှင်သည့် ဒရုန်း ၁ စီးဖြင့် drop bomb ၃ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းဒရုန်းအား ပြန်လည်ပစ်ချ သိမ်းဆည်းရမိခဲ့ပါတယ်..
အဆိုပါ Drone မှာ တရုတ်နိုင်ငံထုတ် ဒလက် ၆ ခုပါ 6 axis 10L Agricultural အမျိုးအစားဖြစ်ပြီး
drop bomb များကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ကျောင်းနှင့်ကပ်လျက်ရှိသည့်နေအိမ်ရှိ အရပ်သူ ဒေါ်ခင်သန်းနွယ် ၆၂ နှစ်တွင်
လည်ပင်းဗုံးစထိမှန် ဒဏ်ရာရခဲ့ကာ စာသင်ကျောင်းရှိ ဆရာ/ဆရာမနေထိုင်ရန်
အသစ်ဆောက်လုပ်ထားသည့် ၈ ခန်းတွဲ ၂ ထပ်ဆောင်၏ အမိုးသွပ် ၃၀ ချပ်၊ မျက်နှာကြက် ၂၄ ချပ်နှင့် ပြတင်းပေါက်တံခါးမှန် ၂၂ ကျပ်
(ကာလတန်ဖိုး ၅ သိန်းကျပ်ခန့်) ပျက်စီးခဲ့ကြောင်း သိရပါတယ်..
PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ဘက်နှင့်မသက်ဆိုင်သည့် အရပ်ဘက်ပစ်မှတ်တွေကို မကြာခဏ တိုက်ခိုက်လျက်ရှိပြီး
အထူးသဖြင့် တိုင်းပြည်အနာဂတ်ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်စီးနေခြင်းသည်
အကြမ်းဖက်လုပ်ရပ်များဖြစ်သဖြင့် ပြည်သူအားလုံးက ဝိုင်းဝန်းတားဆီးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းအပ်ပါတယ်…