ပဲခူးမြို့၊ သာယာကုန်းပင်မဓာတ်အားခွဲရုံ Drone ဖြင့် ပစ်ချတိုက်ခိုက်ခံရသဖြင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်

မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

(၄.၄.၂၀၂၃)ရက်နေ့ (၂၁:၂၁)နာရီအချိန်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ သာယာကုန်း ပင်မဓာတ်အားခွဲရုံအား အကြမ်းဖက်သောင်းကျန်းသူများမှ Drone ဖြင့် ဗုံး(၁၀)လုံးခန့် ပစ်ချဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံအတွင်းရှိ ဗို့အားမြင့် လျှပ်စစ်ပစ္စည်းများ ချို့ယွင်းပျက်စီးလျှက် ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှု (System Breakdown) ဖြစ်ပေါ်ခဲ့ပြီး တစ်နိုင်ငံလုံး ဓာတ်အားပြတ်သည့်အပြင် ဓာတ်အားခွဲရုံမှ ဝန်ထမ်းများပါ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“သာယာကုန်းဓာတ်အားခွဲရုံ ချို့ယွင်းမှုကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းမှ ဓာတ်အားများ ရန်ကုန်နှင့် မြန်မာနိုင်ငံတောင်ပိုင်းသို့ အပြည့်အဝပို့လွှတ်နိုင်မှုမရှိဘဲ ဝန်အားထိန်းညှိလျှက် ဓာတ်အားဖြန့်ဖြူးမှုများ ဆောင်ရွက်ရန် စီစဉ်လျှက်ရှိပါကြောင်း မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါသည်” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က ထုတ်ပြန်ထားပါတယ်။