နောက်ဆုံးရ မနက်ခင်းအားကစားသတင်းများ

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ဂိုးမရှိ သရေရလဒ်နဲ့သာ အဆုံးသတ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။

ဂျူဗင်တပ်အသင်းနဲ့ ကိုပါအီတာလျံ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အင်တာမီလန် အသင်းက လူကာကူရဲ့ နောက်ကျ ပင်နယ်တီ ချေပဂိုးကြောင့် ၁-၁ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂျာမန်ပိုကယ် ကွားတားဖိုင်နယ်ပွဲစဉ်မှာတော့ တူချယ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်း အဖွင့်ဂိုးစသွင်းနိုင်ခဲ့ပေမယ့် ဖရိုင်းဘတ် အသင်းက ပထမပိုင်း ချေပဂိုးအပြင် ပွဲအပြီး အချိန်ပိုမှာ ရရှိခဲ့တဲ့ ပင်နယ်တီကြောင့် ၁-၂ နဲ့ ဘိုင်ယန်အသင်းကို ဖြုတ်ချနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးယာယီနည်းပြ ဘရူနိုကတော့ ၎င်းတို့အသင်းရဲ့ ကစားဟန်အပေါ် ဂုဏ်ယူကြောင်း ပွဲအပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘိုင်ယန်နည်းပြ တူချယ်ကတော့ ယခုတစ်ခေါက် ဖရိုင်းဘတ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအတွက် အပြည့်အ၀ တာဝန်ယူကြောင်း ပွဲအပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းနည်းပြ အယ်လီဂရီကတော့ အင်တာမီလန်အသင်းကို ပွဲပြီးခါနီးမှ ပင်နယ်တီ ပေးခဲ့ရမှုအပေါ် အလွန်စိတ်ဆိုးဒေါသထွက်မိကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ကွင်းလယ်ဒိုင်ကို တွန်းထိုးခဲ့တဲ့ ဖူဟမ်တိုက်စစ်မှူး မီထရိုဗစ်ကို ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ထားပေမယ့် အဆိုပါ ပြစ်ဒဏ်က လုံလောက်မှု မရှိသေးတာကြောင့် နောက်ထပ် ထပ်တိုးပွဲပယ်ဒဏ်ချမှတ်ဖို့ ရှိနေကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ကတော့ လုခ်ရှောဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဘယ်နောက်ခံကစားသမားဖြစ်ကြောင်း သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Credit