မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

သူများဘ၀ကိုလိုက်ကြည့်နေရင်
ရှုပ်ထွေးမှုတွေနဲ့
စိတ်ပူလောင်စရာတွေတွေ့ရမယ်။

သူများအကြောင်းတွေကို
ဘာသာပြန်ရတာဟာ ခက်ခဲသလို
မှန်ဖို့လည်းမသေချာပါဘူး ။

ကိုယ့်ဘ၀ကိုကြည့်လိုက်ပါ
ရိုးရှင်းသလို အမှန်တွေတွေ့ရပါတယ်။

သူများဘ၀တွေက
မယာများတယ် အလိမ်များတယ်
ထင်သလောက် မရိုးရှင်းကြပါဘူး ။

သူများဘ၀ဆီမှာ
ဘာတွေဖြစ်နေလဲဆိုတာထက်

ကိုယ်အနေထားမှာ
ဘာတွေဖြစ်နေလဲဆိုတာသိသင့်တယ် ။

ကိုယ့်အကြောင်းကိုသိမှ
အေးချမ်းမှုတွေရနိုင်ကြတဲ့အတွက်

လောဘစိတ်ဖြစ်နေတာလား
ဒေါသစိတ်ဖြစ်နေတာလားဆိုတာကို
အမြဲသတိကပ်ပြီး သိမိဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏