အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုရေး ဆောင်ရွက်ဆွေးနွေး

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှု အကောင်အထည်ဖော်မည့် လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အစိုးရဌာနများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအကြား ဆွေးနွေးပွဲကို ယမန်နေ့က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။