တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများ ကျင်းပလျှက်ရှိ

တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများဖြစ်သည့် လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ တပ်နယ်အားကစားခန်းမ၌ ၅၇ ကီလို လူသစ်တန်း(အကြိုဗိုလ်လုပွဲ)၊ ၄၈ကီလို(က)အဆင့် (ဗိုလ်လုပွဲ)၊ ၅၄ ကီလို (က) အဆင့်(အကြိုဗိုလ်လုပွဲ) ၆၇ ကီလို(က)အဆင့် (အကြိုဗိုလ်လုပွဲ)၊ ၆၇ ကီလို အလွတ်တန်း(အကြို ဗိုလ်လုပွဲ)၊ ၇၁ ကီလို အလွတ်တန်း(အကြိုဗိုလ်လုပွဲ)၊ ၈၀ ကီလို အလွတ် တန်း (အကြိုဗိုလ်လုပွဲ)ပွဲစဉ် လက်ဝှေ့ပြိုင်ပွဲများကိုလည်းကောင်း၊ ဇေယျာသီရိ တပ်မတော် အားကစားကွင်း၌ ပြေး၊ခုန်၊ပစ် ပြိုင်ပွဲမှ ၁၀ မျိုးစုံ မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၅၀၀၀ ပြေးပြိုင်ပွဲ၊ ၁၀ မျိုးစုံ  မီတာ ၁၁၀ တန်းကျော် အပြေးပြိုင်ပွဲ၊ တန်းမြင့်ခုန်ပြိုင်ပွဲ၊ သံ လုံးပစ်ပြိုင်ပွဲ၊ ၁၀ မျိုးစုံ သံပြားဝိုင်းပစ်ပြိုင်ပွဲ ၊အမျိုးသား/အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ ၊ ၁၀ မျိုးစုံ တုတ်ထောက်ခုန် ပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ ၁၀ မျိုးစုံလှံတံပစ်ပြိုင်ပွဲ၊ ၁၀မျိုးစုံ မီတာ ၁၅၀၀ အပြေး ပြိုင်ပွဲလူရွေးပွဲနှင့် ဗိုလ်လုပွဲစဉ်များကိုလည်းကောင်း၊ ဂျူဒိုပြိုင်ပွဲကိုဇေယျာသီရိ အားကစားရုံ(A)၌ အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက်ရှုံးထွက်ပွဲစဉ်များကို လည်းကောင်း၊ ဇေယျာသီရိအားကစားရုံ (C)၌ ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲနှင့် လက်ထောက်နည်းပြအဆင့် ဓားတစ်လက်ပညာစဉ် စွမ်းရည်ပြပြိုင်ပွဲ၊ ပန်ကြပ်ဆီလပ် အတိုက်ပြိုင်ပွဲ၊ အမျိုးသားဓားတစ်လက်အတိုက်ပြိုင်ပွဲ၊ အမျိုးသားဓားနှစ်လက် အတိုက်ပြိုင်ပွဲများကို လည်းကောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝင်းအတွင်းတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှ အလွတ်တန်း ၃ ယောက်တွဲ အသင်းလိုက်အုပ်စုပတ်လည် ပွဲစဉ်များနှင့် အလွတ်တန်း ၂ ယောက်တွဲအသင်းလိုက် အကြိုဗိုလ်လုပွဲစဉ်များ၊ ကရာတေးဒိုပြိုင်ပွဲတွင် လူသစ်တန်း ၈၄ကီလိုတန်းအထက် ကုမိတဲ့ ပြိုင်ပွဲ၊ အကြီးတန်း ၆၇ ကီလိုအောက်၊ ၇၅ကီလိုအောက်၊ ၈၄ကီလိုအောက်၊ ၈၄ ကီလိုအထက် ကုမိတဲ့ ပြိုင်ပွဲ၊နည်းပြများ ခတနှင့် ကုမိတဲ့ ပြိုင်ပွဲတို့ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားကြသည်။

    အဆိုပါ အားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။