အမျိုးသမီးတွေကို ဖမ်းဆီးမုဒိမ်းကျင့်မှုတွေလုပ်တယ်လို့ Ayeyarwaddy Times မှ သတင်းအတုရေး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အထွက် မုံရွာ- ချောင်းဦးလမ်းပေါ်က မြပုလဲဆီဆိုင်မှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမျိုးသမီးငယ် တွေကို အပြစ်ရှာဖမ်းဆီးမှုများ ပြုလုပ်ကာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုတွေ လုပ်ဆောင်နေကြတယ်လို့ Ayeyarwaddy Times မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အထွက် မုံရွာ- ချောင်းဦးလမ်းပေါ်က မြပုလဲဆီဆိုင်မှာ တပ်စွဲထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အများပြည်သူကို ဒုက္ခပေးခြင်း ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့်ကိစ္စရပ်များလုပ်ဆောင်ခဲ့ခြင်းမရှိသလို အမျိုးသမီးငယ်တွေကိုဖမ်းပြီး အုပ်စုဖွဲ့မုဒိမ်းကျင့်မှုတွေလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ ဖြစ်စဉ်မရှိဘဲ Ayeyarwaddy Times မှ porn ကားတွေကြည့်တာများပြီး အောက်တန်းကျစွာဖြင့် တပ်မတော်ကိုတမင်အပုတ်ချကာ ရေးသားထားခြင်းသာဖြစ်ပါတယ်။