မိုင်းဆွဲခံရပြီး တပ်သား ၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရတယ်လို့ Khit Thit မှ သတင်းအမှားရေး

သြဂုတ်လ ၉ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်တွင် အင်းပတ်ကျေးရွာ မြောက်ဘက် ခင်ဦး-မုံရွာ ရထားသံလမ်းဘူတာမှ လက်နက်ကြီး ၄၀ မမ၊ ၆၀ မမ များနှင့် လက်နက်ငယ်များ ပစ်ခတ်ကာ အင်းပတ်ကျေးရွာ အတွင်း ဝင်ရောက်ရန် ကြိုးစားနေသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ သတင်းမှားရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဩဂုတ်လ ၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးတဲ့အပြင် တပ်မတော်ကိုတမင်အပုတ်ချကာ ၂ ဦးသေ ၄ ဦးဒဏ်ရာရတယ်လို့ လူအထင်ကြီးအောင် သတင်းအမြတ်ထုတ်ရေးသားထားခြင်းသာဖြစ်ပါတယ်။