ရပ်တန့်ထားသည့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ကို ပြန်လည်ဖွင့်လှစ်

အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ထားရသည့် မြန်မာစီးပွားရေးကော်ပိုရေးရှင်း၏ သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ကို ယမန်နေ့ (သြဂုတ် ၁၂ ရက်) တွင် စတင်ဖွင့်လှစ်လည်ပတ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

နိုင်ငံ၏စက္ကူလိုအပ်ချက်ကိုဖြည့်ဆည်းပေးမည့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) ကို ပြန်လည်လည်ပတ်နိုင်ခဲ့သည့်အတွက် နေ့စဉ်အသုံးပြုနေရသည့် ရုံးသုံး၊ ကျောင်းသုံး၊ သတင်းစာစသည့်စက္ကူလိုအပ်ချက်များစွာကို နှစ်စဉ်ပြည်ပမှတင်သွင်းအသုံးပြုနေရသည့်အတွက် နိုင်ငံခြားငွေများစွာ သုံးစွဲကုန်ကျရလျက်ရှိကြောင်း၊ ယခုစက်ရုံစုသည် စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်ကြောင်း သိရှိရပါတယ်။

ခေတ်ကာလ၏အခြေအနေအရ Online မီဒီယာအသုံးပြုမှုပိုမိုများပြားလာပြီး Printed မီဒီယာပိုင်းအားနည်းချက်ရှိလာသည်ကို တွေ့ရှိရကြောင်း၊ သတင်းစာစက္ကူလိုအပ်ချက်များမှာ ယခင်ကထက်လျော့နည်းလာသည်ကိုတွေ့ရှိရသော်လည်း နေ့စဉ်ထုတ်သတင်းစာများသည် သမိုင်းကို ဖော်ပြနေခြင်းဖြစ်သဖြင့် နိုင်ငံတိုင်းတွင်သတင်းစာများကို နေ့စဉ်ရိုက်နှိပ်ထုတ်ဝေနေရဆဲဖြစ်ပြီး သတင်းစာစက္ကူလိုအပ်ချက်သည်လည်း အမြဲမပြတ်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။

crd;