ဖယ်ခုံမှာ ယာဉ်မိုင်းဆွဲခံရပြီး စစ်သား ၄ ဦးသေတယ်လို့ Khit Thit မှ သတင်းအတုရေး

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် ဇူလိုင်လ ၉ ရက်နေ့ ည ၈ နာရီခန့်က ဖယ်ခုံမြို့မှ ထွက်ခွာလာသော စစ်တပ်၏လက်နက်ခဲယမ်းတင်ဆောင်လာသော ထောက်ပို့ယာဉ် ၁ စီးကို ညွှန်တော်မူဘုရားနှင့်ထိုင်တော်မူဘုရားအကြားလမ်းဆုံ၌ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၉ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် ညွှန်တော်မူဘုရားနှင့် ထိုင်တော်မူဘုရားအနီးတွင် မိုင်းဆွဲခံရခြင်းမရှိသလို စစ်သား ၄ ဦးသေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော်ကာ ယာဉ်တန်းကို ည ၈နာရီမှာ မိုင်းဆွဲတာ စစ်သား ၄ ဦးသေတယ်ဆိုပြီး လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FACT-CHECK