ကန်ပက်လက်တိုက်ပွဲမှာ စစ်သား ၅ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မှ စတင်ကာ ၁ နာရီ ၃၀ မိနစ်ထိ ကန်ပက်လက်မြို့မှ တပ်ချိန်းပြီးပြန်လာသည့် စစ်တပ်နှင့် CDF Kanpetlet တို့ ပါကွန်းကျေးရွာ အောက်ဘက်ရှိ တင်းချောင်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အများအပြား ဒဏ်ရာရရှိကာ ၅ ဦး သေဆုံးခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၂၃ ရက်နေ့ ကန်ပက်လက်မြို့နယ် ပါကွန်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် CDF အဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်သား ၁ ဦး ဒဏ်ရာအနည်းငယ်သာရရှိသွားကြောင်း ဒေသတွင်းသတင်းပေးပို့ချက်များအရ သိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်မရေးဘဲ စစ်သား ၅ ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရတယ်လို့ အထင်မှားစေရန် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

FactCheck