အကြမ်းဖက်အားပေးမီဒီယာများမှ လူမှုကွန်ယက်တွင်သတင်းမှားများ ထုတ်လွှင့်မှု

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများ-

 ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအနီး PDF အဖွဲ့များက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်အား ၂ ကြိမ်၊ ခမရ(၅၆၁) တပ်အား ၇ ကြိမ် အဝေးနေရာများမှ နှောက်ယှက်ပစ်ခတ်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Mizzima မှ စကစတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးတယ်ဆိုပြီး သတင်းအမှားများရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။

 ဇန်နဝါရီလ ၃၀ ရက်နေ့၌ လောင်းလုံး မြို့နယ်၊ မောင်းမကန် ရဲစခန်းအား PDF အဖွဲ့များက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန်ဒဏ်ရာရတယ်ဆိုပြီး သတင်းအမှားများ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

 ဇန်နဝါရီလ ၃၁ ရက်နေ့၌ ရန်ကုန်တိုင်း၊ မြောက်ဥကလာပမြို့နယ်၊ မြို့နယ်လျှပ်စစ်ရုံးအနီးတွင် လက်လုပ်မိုင်း ၁ လုံးတွေ့ရှိ၍ လုံခြုံရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက တူးဖော်သိမ်းဆည်းသွားတာကို Khit Thit မှ အများပြည်သူများ အထိတ်တလန့်ဖြစ်အောင် သတင်းအမှားများ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

 ဇန်နဝါရီလ ၃၀ ရက်နေ့၌ မုံရွာမြို့နယ် စွမ်းရည်ထက်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်လုံခြုံရေးဂိတ်စခန်းအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာတွင် ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးတယ်ဆိုပြီး ပုံကြီးချဲ့၍ သတင်းအမှားများ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

 ဇန်နဝါရီလ ၃၁ ရက်နေ့၌ မုံရွာမြို့နယ် တောပုကျေးရွာအား PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာတွင် ထိခိုက်မှုမရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်၂ ဦး သေဆုံးတယ်ဆိုပြီး ပုံကြီးချဲ့ကာ သတင်းအမှားများဖြင့် အမြတ်ထုတ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

 ဇန်နဝါရီလ ၂၇ ရက်နေ့၌ ကော့ကရိတ်မြို့နယ် အလက ၂ ကျောင်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNU/ PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးသာ ကျဆုံးခဲ့သော်လည်း Khit Thit မှ ဖြစ်စဉ်ကိုပုံကြီးချဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးကာ ၉ ဦး ဒဏ်ရာရတယ်ဆိုပြီး လိမ်ညာအမြတ်ထုတ်ကာ သတင်းအမှားများရေးသားဖြန့်ချိထားခြင်းသာဖြစ်ပါတယ်။

 ဇန်နဝါရီလ ၃၁ ရက်နေ့၌ မြင်းခြံမြို့နယ် သင်ပြွန်းလမ်းခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၂ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ သတင်းအတုများရေးသားထားခြင်းဖြစ်ပါတယ်။

 ဇန်နဝါရီလ ၃၀ ရက်နေ့၌ ယင်းမာပင် မြို့နယ်၊ အမှတ် ၂၈ ရဲတပ်ရင်း အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုမရှိသော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး ဒဂဏ်ရာရတယ်ဆိုပြီး စိတ်ကူးယဉ်၍ သတင်းအမှားများ လိမ်ညာရေးသားထားခြင်းဖြစ်ပါတယ်။

 ဇန်နဝါရီလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့၌ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် KNU/ PDF အဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ KNU/ PDF ၃ ဦး သေဆုံးကာ ၁၂ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ KNU/ PDF သေတာကို မြေလတ်အသံ မှ လုံခြုံရေးတပ်ဖွဲ့ဝင်၁၃ ဦး သေဆုံးတယ်ဆိုပြီး ဗြောင်လိမ်ကာ သတင်းအမှားများ ရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။

 ဇန်နဝါရီလ ၂၉ ရက်နေ့၌ ဆိပ်ဖြူမြို့နယ်၊ သပြေကျေးရွာနဲ့ ရွာသာအေးရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အဖွဲ့က ချောင်းမြောင်းပြီး မိုင်ဆွဲတိုက်ခိုက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ မြေလတ်အသံ မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ သတင်းအမှားများ ရေးသားဖြန့်ချိထားခြင်းဖြစ်ပါတယ်။