လူမှုကွန်ယက်မှာရေးထားတဲ့ khit thit ကသတင်းအမှား

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် လိုင်ဇာ KIO ဌာနချုပ်ကို ပစ်မှတ်ထား၍ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည်တရုတ်နိုင်ငံဘက်အခြမ်းသို ကျရောက်ပေါက်ကွဲပြီး တရုတ်အမျိုးသမီးကြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု သိရှိရကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ –
နိုဝင်ဘာလ ၄ ရက်နေ့၌ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ရှိ KIO ဌာနချုပ်ကို တပ်မတော်က လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးတဲ့အပြင် KIA နဲ့ပေါင်းပြီး တပ်မတော်ကို အပစ်ပုံချချင်တာနဲ့ဘဲ ကိုယ်ကိုတိုင်ပစ်ပြီး မှတ်တမ်းတင်ကာ တရုတ်ထဲကို တပ်မတော်က ပစ်သလိုလိုနဲ့ မြန်မာနှင့် တရုတ် နှစ်နိုင်ငံဆက်ဆံရေးတင်းမာအောင် ပဋိပက္ခဖြစ်ပေါ်စေရန် အောက်တန်းကျစွာ လိမ်ညာဖန်တီး ရေးသားထားခြင်းသာဖြစ်ပါတယ်။