ဆားလင်းကြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇန်နဝါရီလ ၁၇ ရက်နေ့၌ ဆားလင်းကြီးမြို့နယ်၊ ဆားထုံးကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အဖွဲ့များ ဆုတ်ပြေးသွားစဉ် လိုက်လံရှင်းလင်းရာ လက်လုပ်သေနတ် ၁၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ ဗုံးသီး ၅ လုံး၊ မိုင်း ၂ လုံးတို့အား သိမ်းဆည်းရရှိသွားကြောင်းနှင့် အဆိုပါဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိရပါတယ်။

Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။