ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အမေရိကန်၊ အီးယူတို့က ယူကရိန်းနှင့် စတင်ဆွေးနွေးနေ

ရုရှားနှင့် ဖြစ်နိုင်ခြေရှိသော ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပြတ်သားသော သဘောတူညီချက်တစ်ခုရရှိရန်အတွက် ယူကရိန်းတို့ ဖက်မှ စွန့်လွှတ်ရမည့်အရာများအကြောင်း အမေရိကန်နှင့် ဥရောပ တာဝန်ရှိသူများက ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများနှင့် စတင်ဆွေးနွေးနေပြီဟု အမေရိကန်ဖက်မှပါဝင်ဆွေးနွေးသူများ၏ပြောကြားချက်ကို ကိုးကား၍ NBC ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။

ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများက ပဋိပက္ခအဆုံးသတ်ရန် ဖြစ်နိုင်ချေရှိသည့်အကြောင်း ယူကရိန်းအစိုးရနှင့် ဆွေးနွေးညှိနှိင်းနေကြခြင်းဖြစ်သည်။