မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌺ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့်ခြင်း🌺

အသက်တွေသာ ကြီးလာခဲ့တယ်၊ အသိဉာဏ်က
ကြီးမလာဘူး။

အရေပြားတွေသာ
လျော့လာခဲ့တယ်၊ ကိလေသာတွေက
လျော့မလာဘူး။

ဆံပင်တွေသာ
ဖြူလာခဲ့တယ်၊ အကျင့်သီလက
ဖြူမလာဘူး။

မျက်လုံးတွေသာမှုံလာခဲ့တယ်၊
သဒ္ဓါတရားက
ပုံမလာဘူး။

အချစ်တွေသာများလာခဲ့တယ်၊
မတျတောတရားက အားမပါဘူး။

ဪ … ဘဝဆိုတာ အသက်ကြီး
ပေမယ့်
အနှစ်မကြီးရင် အပြစ်ချည်းပဲ
ဖြစ်နေပါပေါ့လား။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်တော့
ဆန်းစစ်ရမယ်။

အသက်ကြီးခြင်း မကြီးခြင်းထက်
အသိဉာဏ်ကြီးဖို့က အခရာကျတယ်။

အရေပြားလျော့တာ မလျော့တာ
အသာထား
ကိလေသာ လျော့ဖို့က ပိုအရေးကြီးတယ်။

ဆံပင်တွေဖြူဖို့ မဖြူဖို့ထက်
သီလအကျင့်ဖြူဖို့က
အဓိကကျတယ်။

မျက်လုံးတွေ မှုံတာမမှုံတာထက်
သဒ္ဓါတရားက
ပိုလာဖို့ကြိုးစားရမယ်။

အချစ်တွေများဖို့ထက် မေတ္တာတွေ
မရှားဖို့
ကြိုးစားရမယ်။

အရေးကြီးဆုံးကတော့ သတိပဲပေါ့။

သတိရှိရင်
ကုသိုလ်ရှိတယ်။

သတိရှိရင် အမှားမရှိဘူး။
သတိဟာ အရာအားလုံးရဲ့အချုပ်ပါပဲ။

အပ်ပမာဒနေ သမ်ပာဒထေ။
မမေ့ကြပါစေနဲ့။

မေတ္တာဖြင့်

🙏🙏🙏#မနာပဒါယီအရှင်ဝိစိတ္တ🙏🙏🙏