တပ်မိသားစုဝင် ကျောင်းသား/သူများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ၂၀၂၂- ၂၀၂၃  ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် တပ်မိသားစုဝင် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား  ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ ဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို နိုဝင်ဘာလ ၂၆ ရက်တွင် စစ်တွေတပ်နယ်ရှိ ဗန္ဓုလခန်းမ၌ပြုလုပ်ခဲ့ပါတယ်။

တိုင်းမှူးနှင့် တာဝန်ရှိသူများက တပ်မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများ အသီးသီးထောက်ပံ့ပေးအပ်ပြီး တက်ရောက်လာကြသူများအား ရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။

အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များ၌လည်း တပ်မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ စာရေးကိရိယာများနှင့် အသုံးအဆောင် ပစ္စည်းများကို တပ်နယ်အလိုက် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီး၌ ထောက်ပံ့ပေး အပ်ခဲ့တယ်လို့ သိရှိရပါတယ်။