ဘယ်တော့မှအထုတ်မခံရဘူးနော်ဆိုတဲ့မေးမြန်းမှုကို ဉာဏ်ရှိရှိဖြေကြားခဲ့တဲ့ ဂွါဒီယိုလာ

⚽⚽⚽

မန်စီးတီးနည်းပြ ဂွါဒီယိုလာက နည်းပြအနေနဲ့ ဘယ်တော့မှအထုတ်မခံရဘူးဆိုတဲ့မေးမြန်းမှုကို ဉာဏ်ရှိရှိဖြေကြားလိုက်ပါတယ်။

ဂွါဒီယိုလာဟာ စနေနေ့မှာကစားမယ့် ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အခုနှစ်အစောပိုင်းတုန်းက နသန်ဂျုံးစ်နေရာမှာ အစားဝင်လာခဲ့တဲ့တစ်နိုင်ငံတည်းသား ရူဘင်ဆယ်လက်စ်နဲ့ပတ်သက်ပြီးလည်းပြောကြားခဲ့ပါတယ်။

ဂျုံးစ်ဟာ အခုရာသီမှာ အထုတ်ခံခဲ့ရတာဖြစ်ပြီး ၁၃ ယောက်မြောက်အထုတ်ခံရတဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ စိန့်မေရီမှာကစားမယ့်ပွဲမတိုင်ခင် ဂွါဒီယိုလာက နည်းပြအနေနဲ့ ဘယ်တုန်းကမှ အထုတ်မခံရဘူးဆိုတဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ငါမင်းကို လျို့ဝှက်ချက်ပြောပြမယ်။ ပွဲတိုင်းနိုင်တယ်လေ။ မင်းပွဲတွေကို မနိုင်ရင် အထုတ်နေရလောက်ပြီ။ အဲ့တာက မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ငါ့ဆံပင်တွေက အခုအရာတွေထက် ပိုကောင်းပါတယ်။

ငါအထုတ်မခံရဘူးဆိုတာ ပွဲတွေကိုအနိုင်ရနေတာကြောင့်ပါ။ ဒီနိုင်ငံမှာ ကျွန်တော်သာငယ်ရွယ်တဲ့နည်းပြဆိုရင် ဖိအားတွေများလာနိုင်ပါတယ်။ ကျွန်တော်က ဖိအားတွေကိုနားလည်နေလို့ပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

အသက် ၅၂ နှစ်သားဟာ နည်းပြဘ၀ ဘာစီလိုနာ ၊ ဘိုင်ယန် နဲ့ မန်စီးတီးတို့မှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ။်

ဒါ့အပြင် ဒီရာသီ ၅ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလားကိုလည်း ရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ လက်ရှိမှာတော့ စီးတီးဟာ အာဆင်နယ်ထက် ၁ ပွဲလျော့ကစားထားပြီး ၈ မှတ်လျော့နေပါတယ်။

crd;