မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷 ကုသိုလ် အမြဲလုပ်ကြပါ🌷

ဘဝမှာ အဆင်မပြေတာတွေ
ကြုံတဲ့အခါတိုင်း
ကုသိုလ်ကောင်းမှုကို ပိုပြီးပြု
လုပ်ပါ။

အဆင်မပြေလည်း ကုသိုလ်လုပ်၊
အဆင်ပြေရင်လည်း ကုသိုလ်လုပ်၊

အတိုက်အခိုက်ကြုံရင်လည်း
ကုသိုလ်လုပ်၊
အနှောက်အယှက်ရှိရင်လည်း ကုသိုလ်လုပ်၊
ပိုပြီးအဆင်မပြေရင်ပိုပြီးကုသိုလ်လုပ်၊

လုပ်နေရင်းနဲ့ကို ပိုဆိုးလာနေရင်လည်း စိတ်ဓာတ်မကျနဲ့။

ယုံကြည်မှုအပြည့်၊ ဇွဲကြီးကြီးနဲ့
သာ ဆက်လုပ်။
သေချာပေါက်ကို ကုသိုလ်က
ကိုယ့်ကို စောင့်ရှောက်ပါလိမ့်မယ်။

ယုံကြည်မှုနဲ့ ဇွဲရှိမှုကိုတော့ မလျော့စေနဲ့။
ဘဝမှာကုသိုလ်တွေအားကြီးလာရင်

အကုသိုလ်တွေ၊ အဆိုးတွေ
အားနည်းသွားမှာပဲလေ။

သောက်ရေခွက်လောက် ရှိတဲ့
ရေထဲကို
ဆားတစ်ကုတ်လောက်ပစ်ထည့်ရင်
အဲဒီရေခွက် ငန်တူးသွားမှာပေါ့။

ရေအပြည့်ရှိနေတဲ့ရေကန်ကြီးထဲ
ကို
ဆားတစ်ကုတ်လောက် ပစ်ထည့်ကြည့်ပါလား၊

ရေအရသာ ဘာမှပြောင်းမှာ မဟုတ်ဘူးလေ။
ရေက များနေတာကိုး။

ဒီလိုပဲ ကုသိုလ်တွေ အားကြီးနေရင်အကုသိုလ်ဟာ အသေးအမွှားလေးပဲဖြစ်သွားမှာပေါ့။

ဒါကြောင့်
ကုသိုလ်ကောင်းမှုကို လျော့မတွက်ပါနဲ့။

အဆင်တစ်ခါမပြေတိုင်း
ကုသိုလ်တစ်ခု တိုးလုပ်ပါ။
ပိုပြီးမပြေရင် ပိုပြီးလုပ်ပါ။

ကုသိုလ်အားကြီးလာရင် အားလုံးက
အဆင်ပြေသွား မှာပါ အမှန်ပါပဲ။