❝ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ဆီသယ်ယာဉ် (၁) စီး တိမ်းမှောက်မှုဖြစ်ပွား❞

မွန်ပြည်နယ်၊ သထုံမြို့ နယ်၊ ဇရစ်ချောင်ကျေးရွာအုပ်စု၊ သင်းထော်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ သင်းထော်ကွေ့၌ ယနေ့ ဒီဇင်ဘာ ၁၀ ရက်၊ နံနက် ၁၀ နာရီအချိန်ခန့်က ဆီသယ်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲဌာနချုပ်သတင်းအရ သိရသည်။