အိမ်၊ ကျောင်း၊ လမ်း၊ ခရီးစဉ်၊ အားကစား၊ အထွေထွေ တို့၌ ယဉ်ကျေးခြင်း

အိမ်၌ ယဉ်ကျေးခြင်းHow to Be Polite at Home သည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။

၁. မိမိခန္ဓာကိုယ်နှင့် အဝတ်အစားအသုံးအဆောင်ပစ္စည်းများ သန့်ရှင်းသေသပ်မှုရှိရာ၏။

၂. မိမိနှင့် သင့်လျှော်သော နေရာတွင် နေရာ၏။ လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲ မသွားရာ။ သွားလျှင်လည်း မနီးလွန်းမဝေးလွန်း နေရာတွင် နေအပ်၏။

၃. ကြည်လင်သော မျက်နှာထား အမူအရာ ရှိအပ်၏။

၄. ကျယ်လောင်သော စကားမပြောရ။ ဆူညံခြင်း မရှိစေရ။

၅. အချင်းချင်း သင့်တင့်စွာ နေရာ၏။ ကူညီရာ၏။

၆. လူကြီးမိဘများ၏ အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။

၇. အိပ်ရာကို သန့်ရှင်းစေရာ၏။ မကြာမကြာ နေလှန်းရာ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကို တင်၍ (သို့) ခေါက်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျ ရှိစေရာ၏။

၈. အိပ်ခန်းမှ မထွက်မီ နေရာတကျ ရှိမရှိ ကြည့်ရှုစီစဉ်ရာ၏။

၉. သူများမနှိုးမီ သင်နိုးလျှင် သတိပြုရာ၏။ အိပ်နေသောသူများ မနိုးအောင် သတိပြုရာ၏။

၁၀. ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှု မမှန်ဖြစ်တတ်သည်။

၁၁. တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဖက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင်လည်း လက်နှစ်ဖက်ဖြင့် ပေးရာ၏။

၁၂. တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ ဖြစ်စေ ဝင်သည့်ထွက်သည့်အခါတိုင်း တံခါးကို ပိတ်ရာ၏။ ဤသို့ပိတ်သည့်အခါ အသံမမြည်အောင် ဖြည်းညင်းစွာ ပိတ်ရာ၏။

၁၃. အိမ်ကို ဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ပါ။ ဖိနပ်ကို ချွတ်သင့်သောနေရာတွင် ချွတ်၍ ထားရာ၏။

၁၄. မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ်စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။ သို့မဟုတ် လဲလှယ်ရာ၏။

၁၅. အစာစားသောအခါ အချိန်မှန်စွာ စားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။

၁၆. အလျင်စလို မစားရာ။ စားလျှင်လည်း ဇွန်းသံ၊ ခွက်သံ မကြားအောင် စားရာ၏။ စားနေသူအချင်းချင်းကို မေးခွန်းများ မမေးရ။ မေးစရာရှိလျှင်လည်း တိုတိုသာမေးရာ၏။

၁၇. ထမင်းလုတ်မကြီးစေရ။ ထမင်းလုတ်နှင့် ထမင်းဝါးနေရင်း စကားမပြောရ။

၁၈. ထမင်းလုတ်အနီးသို့ မရောက်မီ ပါးစပ်ကို ဟ၍ မထားပါနှင့်။ ပျတ်ပျတ်မြည်အောင် မစားပါနှင့်။

၁၉. ဟင်းရည်သောက်လျှင် အသံမမြည်စေရ။

၂၀. ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။

၂၁. ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။

၂၂. လက်ဖဝါးကို ဟင်းရည်မပေစေရ။ ထမင်းလုံး မကပ်စေရ။ ဟင်းခွက်ကို ဟင်းပေလက်နှင့် မနှိုက်ရ။

၂၃. ထမင်းစားပြီးလျှင် သွားကိုမစုပ်နှင့် ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမမြင်ရာသို့ သွားပါလေ။

၂၄. ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။ တံတောင်ဆစ်မတင်ရ။

၂၅. ခန္ဓာကိုယ်ကို တည့်မတ်စွာထိုင်၍ စားရာ၏။

၂၆. တစ်စုံတစ်ရာ အလိုရှိလျှင် အနီးဆုံးလူကို တိုးတိုးတောင်းရာ၏။

၂၇. သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟတ်ခြင်းတို့ မပြုအပ်။

၂၈. ထမင်းစားပွဲပေါ်ရှိ အရာများကို ဟိုရွေ့ဒီရွေ့မလုပ်ရ။ (ဣန္ဒြေမရသော အပြုအမူဖြစ်သည်)

၂၉. သူတစ်ပါး၏ ထမင်းပန်းကန်၊ ဟင်းပန်းကန်နှင့် ပါးစပ်ကို မကြာခဏမကြည့်ရ၊ မလေ့လာရ။

၃၀. ထမင်းစားချိန်တွင် ဒေါသဖြစ်စရာ အကြောင်းအရာကိစ္စများကို မပြောရ။

၃၁. ထမင်းစားချိန်တွင် အစားသောက်နှင့်ပတ်သတ်၍ ပြစ်တင်ကဲ့ရဲ့ခြင်း မပြုရ။

၃၂. ဟင်းပေါ့ခြင်း၊ ဟင်းငန်ခြင်းစသော ကိစ္စများရှိသည့်အခါ ဟင်းချက်သူအား အပြစ်မတင်ပဲ နောက်တစ်ခါကျရင် မည်သို့မည်ပုံ ချက်ပေးပါ၇န် ဟင်းချက်သူ (မိခင်/ဖခင်/ဇနီး/ခင်ပွန်း/အစ်ကို/အစ်မ/အိမ်ဖော်) တို့ကို ယဉ်ကျေးစွာ မေတ္တာရပ်ခံရာ၏။

၃၃. လူကြီးမိဘများ ဧည့်သည်များသည် ဘာကိုအလိုရှိသနည်းဟု သတိနှင့် ကြည့်ရာ၏။ သိလျှင် အသံမကြားစေရာဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။

၃၄. လက်ဖက်ရည် ကော်ဖီသောက်သောအခါ အောက်ခံပန်းခံပြားထဲတွင့် ထည့်၍ သောက်ခြင်းသည် မယဉ်ကျေးဟု အချို့က ယူဆကြ၏။ ၎င်းပန်းကန်ပြားသည် ပန်းကန်လုံးကို သယ်ဆောင်ရန်နှင့် မဖိတ်စေရန်၊ မပေစေရန်၊ မပေရန် အောက်ကခံသော အရာဖြစ်၏။ လက်ကို အပူလောင်ခြင်းမှလည်း ကာကွယ်ပေး၏။

၃၅. လက်ဖြင့် ဖဲ့၍ စားနိုင်သောအရာကို ဖဲ့၍စားပါ။ မဖဲ့ပဲ ကိုက်၍ မစားပါနှင့်။

၃၆. ဇွန်းဖြင့် ဖဲ့၍ စားနိုင်သောအရာကို ဖဲ့၍စားပါ။ မဖဲ့ပဲ ကိုက်၍ မစားပါနှင့်။

၃၇. ထမင်းစားစဉ် စကားများများ မပြောရ။ ကြည်လင်သော၊ ဒေါသကင်းသော မျက်နှာထားရာ၏။ နှစ်သက်ဖွယ်သော စကားကိုသာ ပြောရာ၏။