ငှက်ဖျားဆေးနည်းများ

၁။ အဖျားတက်ချိန်မှာ ငရုတ်ကောင်းကိုးစေ့ကို တစ်စေ့ချင်း ရေနဲ့မျိုချပါ။

၂။ ရှမ်းဆေးခါးခေါ်   ဆေးခါးကြီးပြုတ်ရည်ကို အကြမ်းပန်းကန်တစ်လုံးစာ တစ်နေ့နှစ်ကြိမ် နံနက်၊ ည ၁၄ ရက်သောက်ပါ။

၃။ ကြက်အမြစ်ကို ခွေးတောက်ရွက်နဲ့ကြော်စားပါ။

၄။ ဝက်ဝံသည်းခြေကို ရှိန်းခိုနဲ့ရောပြီး ရွေးစေ့ခန့် လုံး၍ အခြောက်လှန်းပြီး အရက်နဲ့သောက်ပေးရင် နှစ်ရှည်ငှက်ဖျား ရောဂါ ပျောက်ကင်းစေတယ်။

၅။ စပါးကြီးသည်းခြေကို အရက်နဲ့စိမ်ပြီး နေ့စဉ် အကြမ်းပန်းကန် တစ်လုံးစာသောက်ပေးရင် နှစ်ရှည်ဖြစ်ခဲ့တဲ့ ငှက်ဖျားရောဂါ ပျောက်ကင်းစေပါတယ်။

၆။ ဝက်ဝံသည်းခြေကို ပျားရည်နဲ့စိမ်ပြီး ဟင်းစား ဇွန်းတစ်ဇွန်းစာ နံနက်၊ ည နှစ်ကြိမ်ပုံမှန်သောက်ပေးရင် ပျောက်ကင်းစေပါတယ်။

၇။ ဗေဒါပင်ကိုနုပ်နုပ်စဉ်းပြီး   ဝက်သားနဲ့ချက် စားရင် ငှက်ဖျားရောဂါပျောက်ကင်းပါတယ်။

၈။ ကြက်သားဟင်းထဲ ရှိန်းခိုထည့်ချက်စားပါ။

၉။ မဲဒီးတုပ်ခေါ် ဒေါနရွှေဝါပင်ကို ထန်းလျက်နဲ့ ကျိုသောက်ရင် ငှက်ဖျားရောဂါပျောက်ကင်းစေတယ်။

၁၀။ သဲသောင်ခုံပေါ်မှာပေါက်တဲ့   ဟင်းဂလာအရိုင်းပင်ကို   သုံးခွက်တစ်ခွက်တင်ကျိုသောက်ရင်ချမ်းတုန်ပြီးဖျားတဲ့ ငှက်ဖျားရောဂါ ပျောက်ကင်းစေနိုင်တယ်။

၁၁။ ရဲယိုသီးအမှည့်ကို ထန်းဖိုထန်းလျက်(ထန်းလျက်အမည်း)ဖြင့် ယိုထိုးစားပါ။

၁၂။ ဂုံခါးကို အမှုန့်ပြုလုပ်ပြီး ထမင်းစားပြီးတိုင်း အနည်းငယ်လျက်ပေးပါ။

၁၃။ ရှိန်းခိုကို လက်တစ်ဆစ်ခန့် နေ့စဉ်ဝါးစားပေးခြင်းဖြင့် ရိုးမငှက်ခေါ် တောတောင်မှရရှိတဲ့ငှက်ဖျားမျိုးကို ပျောက်ကင်းစေ နိုင်တယ်။

၁၄။ စပါးလင်အမြစ်ကိုထုထောင်းပြီး ရရှိတဲ့အရည်ကို အရက်နဲ့ရောပြီး သောက်သုံးရင် ချမ်းတုန်ဖျား၊ ငှက်ဖျားရောဂါတွေ ပျောက်ကင်း စေနိုင်ပါတယ်။