တပ်မတော်၏ (ကြည်း/ရေ/လေ)လက်ရုံး/ဝန်ထမ်းတပ်များတွင်တာဝန်ထမ်းဆောင်ရန် အခြားအဆင့်အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူ

တပ်မတော်၏ (ကြည်း/ရေ/လေ) လက်ရုံး / ဝန်ထမ်းတပ်များတွင် စစ်မှုထမ်းဆောင်ရန်အတွက် အခြားအဆင့် အမျိုးသမီး စစ်မှုထမ်းများ ခေါ်ယူနေကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ပြီးခဲ့သည့်ရက်ပိုင်းက အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ် သည်။

လျှောက်ထားလိုသူများအနေဖြင့် လာမည့်သြဂုတ်လ (၁)ရက်တွင် အသက် (၁၈)နှစ်ပြည့်ပြီး (၂၅)နှစ်ထက်မကြီးရန်လိုအပ်ပြီး အခြေခံပညာ အဋ္ဌမတန်းအောင်မြင်ရန် လိုအပ်ကြောင်း သိရသည်။

ထို့ပြင် အနည်းဆုံး အရပ် (၅)ပေ(၂)လက်မ နှင့် ကိုယ်အလေးချိန်ပေါင် (၁ဝဝ)နှင့်အထက်ရှိရမည်ဖြစ်ပြီး ကိုယ်အလေးချိန်အား ခြွင်းချက်အနေဖြင့် စဉ်းစားပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ လျှောက်ထားလိုသူများသည် မျက်မှန်တပ်ဆင်ထားသူမဖြစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လျှောက်လွှာများအား ဇွန်လ (၈)ရက်မှ ဇူလိုင်လ (၇)ရက်အတွင်း နီးစပ်ရာ တပ်/ဌာချုပ်များသို့ လူကိုယ် တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

ရွေးချယ်ကြောင်း အကြောင်းကြားစာရရှိသူများသည် လျှောက်ထားခဲ့သည့် စစ်ဌာနချုပ်များသို့ သတင်းပို့ရမည်ဖြစ်ပြီး ‌ရွေးချယ်ခံရသူများသည် စစ်ဆေးခြင်းများပြုလုပ်၍ ဆေးစစ်အောင်မြင်သူများအား သင်တန်းသူအဖြစ် အတည်ပြု ရွေးချယ်မည်ဖြစ်ကြောင်းသိရသည်။

အခြေခံတပ်သားသစ်သင်တန်းအား (၄)လတတ်ရောက်ရမည်ဖြစ်ပြီး သင်တန်းတတ်ရောက်နေစဉ် တပ်သားသစ်လစာနှင့် သင်တန်းပြီးဆုံးပါက တပ်သားအခြေခံလစာရရှိမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သင်တန်းတတ်ရောက်နေစဉ်ကာလအတွင်း မိမိတာဝန်ထမ်းဆောင်လိုသည့် တပ်မတော်(ကြည်း/ရေ/လေ) လက်ရုံး/ ဝန်ထမ်းတပ်ဖွဲ့တစ်ခုခုသို့ ရွေးချယ်နိုင်ကြောင်းသိရသည်။

NPnews