“ကျီးပေါင်းအတွက်ဗံဒါရွက်နှင့်ဝါးမင်းခေါ်ပုတီးဝါးရဲ့အစွမ်း”

ဂုတ်၊ ဇာတ် ကျီးပေါင်း တက်နေသူများအတွက် ဗန်ဒါရွက်လေးရဲ့အသုံးဝင်ပုံလေးကို တင်ပြပေးလိုက်ရပါတယ်……..

  • ဂုတ်၊ ဇက် ကျီးပေါင်းတက်နေသူများ ဗန်ဒါရွက်လေးကိူခူးလိုက်ပါ။
  • ရေမဆေးပါနဲ့ အရွက်မှာကပ်နေတဲ့ ဖုန်လေးတွေကို အဝတ်နဲ့ပွတ်သုတ်လိုက်ပါ။
  • အရွက်ရဲ့အောက်မှာရှိတဲ့ အညှာအရိုးတံလေးကိုဖယ်ထုတ်လိုက်ပါ။
  • ပြီးရင် ဂုတ်ပေါ်နဲ့ ဇက်ပေါ်ကိုအရွက်ကို ခွပီးကပ်ထားလိုက်ပါ။ ပုံမှာကြည်ပါ။
  • အချို့က အကြမ်းဘက်က ကပ်ရမှာလား အချောဘက်က ကပ်ရမှာလား မေးကြလို့ပါ။
  • အကြမ်းဘက်ကနေ မှောက်ကပ်ရမှာ ဖြစ်ပါတယ်။
  • လေးဆယ့်ငါး မိနစ်လောက်ကြာရင် ကပ်တားတဲ့နေရာမှာ ပူလာပီးချွေးများ ထွက်လာပါလိမ့်မယ် ။
  • ခဏခွာထားပီး ငါးမိနစ်လောက်ကြာရင် ပြန်ကပ်ပေးပါ။ အရမ်းကို သိသိသာသာ သက်သာသွားပါလိမ့်မယ်။
  • ဗန်ဒါရွက်ရဲ့ အခြားအသုံးဝင်မှုလေးကတော့ အရွက်ကို ရေနွေးစိမ်သောက်ရင် သွေးတိုးကျတယ်လို့လည်း သိရပါတယ်။

မူးဝေကင်းစင် ဝါးမင်းပင်…..


ကျီးပေါင်းကြောင့် မူးဝေခြင်းကိုသက်သာစေသော ဝါးမင်းပင်ပါ

အသက်ကလေးရလာတော့ ကျီးပေါင်းရောဂါ ဖြစ်တတ်လာပါတယ်

အထူးသဖြင့်တနေရာကိုသာစူးစိုက်လုပ်တတ်သော သူများအဖြစ်များပါတယ် ကျီးပေါင်းဖြစ်လျှင်ဦးခေါင်းလှည့်မရဖြစ်တတ်သလို တခါတရံ မူးဝေတတ်ပါသည်ထိုသို့မူးဝေလျှင် အကိုက်အခဲပျောက်
ဆေးများသောက်လည်းမရပါ သက်သာတာရှိပါတယ်

ဝါးမင်းပင်ရင့်ရင့်ကို အနေတော်ဖြတ် ကျောက်ပြင်မှာသွေးပြီး ကျီးပေါင်ဖြစ်နေသောလယ်ဂုတ်ကိုလူးပေးပါ

တနေ့တခါ လူးပေးပါက မူးဝေခြင်းသက်သာစေပါသည်
အခြားအဆစ်အမြစ်ကိုက်ခဲပါကလူးပေးနိုင်ပါသည်။

မူလရေးသူအား credit ပေးပါတယ်။
ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

မေတ္တာများစွာဖြင့်…….ဆေးနည်းပေါင်းများစွာကို ရှာဖွေတင်ပြပေးနေပါသဖြင့် စိတ်ဝင်စားပါက ဝင်ရောက်လေ့လာနိုင်ပါတယ်ရှင့်။