MRTV မှ DTH စနစ်ဖြင့် ရုပ်သံလိုင်း ၁၉ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်မည်

ဒစ်ဂျစ် တယ်စနစ်တစ်ခုဖြစ်သည့် Direct To Home (DTH) စနစ် ဖြင့် ရုပ်သံလိုင်း ၇ လိုင်းသာ ထုတ်လွှင့်နေရာမှ ယခုအခါ ရုပ်သံလိုင်း ၁၉ လိုင်းအထိ တိုးချဲ့ထုတ်လွှင့်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကျင်းပသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် က ပြောကြားခဲ့ပါတယ်။

အာဆီယံနိုင်ငံများ၌ “Analogue Switch Off-ASO” ဟု ခေါ်သည့် Analogue စနစ်ဖြင့် ထုတ်လွှင့်မှုရပ်ဆိုင်းရန် သဘောတူညီထားကြသည့် အစီအစဉ်ထဲမှ Pilot Project တစ်ခုဖြစ်သည့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး မြို့ကြီး ၃ မြို့အတွက် ထုတ်လွှင့် နေသည့် ထပ်ဆင့်လွှင့်စက်ရုံ ၃ ရုံ အနေဖြင့် Analogue စနစ် ထုတ်လွှင့်မှုကို စတင်ရပ်ဆိုင်းနိုင်ရန် ကြေညာ၍ အဆိုပါမြို့ကြီး ၃ မြို့တွင် ဒစ်ဂျစ်တယ်စနစ်တစ်ခုဖြစ်သည့် Digital Video Broadcasting – Second Generation Terrestrial (DVB-T2) 9 လွှင့်နေသည့်ရုပ်သံ ၁၈ လိုင်းထဲတွင် High Definition (HD) Quality နှင့် ရုပ်သံလိုင်း ၂ လိုင်း သာ ထုတ်လွှင့်နိုင်ရာမှ ယခုအခါ (၁၁) လိုင်းအထိ အဆင့် မြှင့်တင်ပြီး တိုးချဲ့ထုတ်လွှင့်နိုင်ရန်လုပ်ဆောင်နေကြောင်း သိရပါတယ်။ #Crd