ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူဖွဲ့လုပ်ဖို့ စဉ်းစားသွားမည်

ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့အတွက် လိုအပ်မယ့်အရာတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ လာမယ့်လမှာ အသေးစိတ် ဂရုတစိုက်စဉ်းစားသွားမှာဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက ပြောကြားလိုက်ပါတယ်။

အစီရင်ခံစာကို စဉ်းစားချင့်ချိန်နိုင်အောင် ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်နဲ့ အစိုးရအဖွဲ့ထံတင်ပြသွားမှာဖြစ် ကြောင်း အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲအတွက် လေ့လာနေတဲ့အဖွဲ့မှာဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေ တဲ့မစ္စတာဖမ်သမ်က ကြာသပတေးနေ့ကကျင်းပခဲ့တဲ့ ညွန့်ပေါင်းပါတီအဖွဲ့ခေါင်းဆောင်တွေ အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့သိရပါတယ်။ #Crd