တောင်ကိုရီးယားက KF-21 ကို အသံထက်မြန်သည့်အမြန်နှုန်းရရှိစေရန် စမ်းသပ်မည်

တောင်ကိုရီးယားပြည်တွင်းဖြစ် တိုက်လေယာဉ်ဖြစ်သော KF-21 ကို ရာသီဥတုအခြေအနေပေးပါက အသံထက်မြန်
သည့်အမြန်နှုန်းရရှိစေရန် ယခုလအတွင်းစမ်းသပ်မည်ဖြစ်ကြောင်း သတင်းအရင်းအမြစ်များက ဇန်နဝါရီ ၅ ရက်တွင်
ပြောသည်။
အဆိုပါ တိုက်လေယာဉ်စီမံကိန်းကို ကိုရီးယားလေကြောင်း စက်မှုလုပ်ငန်းလီမိတက်က ဦးစီးလုပ်ဆောင်နေခြင်း ဖြစ်ပြီး
ထိုလေယာဉ်အနေဖြင့် အသံထက်မြန်သည့် အမြန်နှုန်းရရှိရေးမှာ ယခုစီမံကိန်း၏ အဓိကကျသောအခန်းကဏ္ဍဖြစ်သည်။
ကျွန်တော်တို့အနေနဲ့ အသံထက်မြန်တဲ့ အမြန်နှုန်းရရှိစေဖို့စမ်းသပ်မှုကို ဒီလအတွင်း တစ်ရက်ရက်မှာ လုပ်ဆောင်သွားဖို့
ရှိပါတယ်။ ဒါပေမဲ့ ရာသီဥတုအခြေအနေကြောင့် ဘယ်ရက်မှာ လုပ်ဖြစ်မယ်ဆိုတာကတော့ အတိအကျမပြောနိုင်သေး
ပါဘူးဟု အမည်မဖော်လိုသူ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။
ထိုတိုက်လေယာဉ်၏ တတိယမြောက်ရှေ့ပြေးပုံစံကို ဇန်နဝါရီ ၅ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းမှု လုပ်ဆောင်
ထားနိုင်ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ အဆိုပါလေယာဉ်အတွက် စမ်းသပ်ပျံသန်းမှုအကြိမ်ပေါင်း ၂၀၀၀ ခန့်
လုပ်ဆောင်သွားရန် တာဝန်ရှိသူများကစီစဉ်ထားသည်။
KF-21 တိုက်လေယာဉ်ထုတ်လုပ်ရေးအတွက် စီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး
အမေရိကန်ဒေါ်လာ ၆ ဒသမ ၉ ဘီလီယံကုန်ကျမည်ဟု လျာထားသည်။
စတုတ္ထမျိုးဆက်လွန်ဖြစ်လာမည့် အဆိုပါတိုက်လေယာဉ်သည် တောင်ကိုရီးယားလေတပ်ရှိ သက်တမ်းကြာ F-4 နှင့်
F-5 တိုက်လေယာဉ်များနေရာတွင် အစားထိုးတာဝန် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။