ဂင်းနစ်စံချိန်တင် ကမ္ဘာ့သွင်းဂိုးအများဆုံး ကစားသမား

လက်ရှိ ကလပ်အသင်း နဲ့ နိုင်ငံသွင်းဂိုးပေါင်း ၈၃၉ ဂိုး သွင်းယူထားတဲ့ ရော်နယ်ဒို ဟာ ကမ္ဘာပေါ်မှာ ဘယ်ကစားသမားမှ မစွမ်းဆောင်နိုင်သေးတဲ့ ဂိုး ၁၀၀၀ ပြည့်ဖို့ရာ ၁၆၁ ဂိုး ပဲ လိုအပ်ပါတော့တယ် ။

ရော်နယ်ဒို ဟာ အသက် ၃၈ နှစ် ရှိနေပြီ ဖြစ်တာကြောင့် တစ်ရာသီ ဂိုး ၃၀ နှုန်း ရရှိအုံးမယ်ဆိုရင် နောက်ထပ် ဘောလုံးရာသီ ၆ရာသီမြောက် ၊ အသက် ၄၄ နှစ်အရွယ်မှာ သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ရာရှိပါတယ် ။ အသက် ၄၄ နှစ်အထိ ကစားဖို့ဆိုတာ ခက်ခဲပေမယ့် ဆော်ဒီလိဂ်မှာ ရှိနေတာက တကြောင်း ၊ အလွယ်တကူ အရှုံးမပေးတတ်တဲ့ ရော်နယ်ဒို ရဲ့ စိတ်ဓာတ်တို့ကြောင့်တော့ ဒီစံချိန် ဖြစ်မြောက်လာမလား အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ် ။