KIA တပ်သားစုဆောင်းရေးမှာ နာဂလူငယ်တွေ ဖမ်းဆီးခံနေရ

မြစ်ကြီးနား-နန်ယွန်း လမ်းကြောင်းပေါ်ရှိ နာဂဒေသတွေ ဖြစ်တဲ့ ရှင်ဗွေယန်၊ နန်းယွန်း နဲ့ ဒုံဟီးမြိုနယ်များက လူငယ်များကို KIA က တပ်သားစုဆောင်းရေး ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာတွေ ရှိနေပါတယ်။ ဖမ်းဆီးခေါ်ဆောင်မှုမှာ ပါသွားတဲ့ လူငယ်အများစုဟာ ခရီးသွားရင်း ဖမ်းဆီးခံရတာတွေနဲ့ ကျောက်မှော်နဲ့ ရွှေမှော်တွေမှာ အလုပ်လုပ်ဖို သွားရင်း အဖမ်းခံရတာတွေ များတယ် လို သိရပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အထဲမှာ ပါတဲ့ နာဂလူငယ် တစ်ဦးရဲ့ မိသားစုဝင်ကလည်း အခုလို ပြောထားပါတယ်။
“တကယ်က မှော်ထဲအလုပ်လုပ်မယ် ဆိုပြီးသွားတာ။ မှော်ထဲကနဲ့ပဲ ပါသွားတာ တဲ့။ ပြီးခဲ့တဲ့လမှ အိမ်က သိတာ။ နန်းယွန်းက အစ်ကိုတစ်ယောက် တနိုင်းကနေ တက်လာတော့ KIA ဂိတ်မှာ ဂိတ်စောင့်နေတာ တွေ့ခဲ့တယ် တဲ့။ အဲ့မှ အိမ်က သိရတာ။ ဖုန်းလည်း ဆက်မရဘူး” လို ပြောပါတယ်။
ဖမ်းဆီးခေါ်ဆောင်မှုနဲ့ ပတ်သက်လို တပ်သားစုဆောင်းရေးလို အများစုက သိထားကြပြီး အဲဒီလို ခေါ်ဆောင်ခံရတဲ့အထဲမှာ ရှင်ဗွေယန်၊ နန်းယွန်း၊ ဒုံဟီးမြိုနယ်များက လူငယ်တွေ အျားပြီး လဟယ်မြိုနယ်ကလည်းပါတယ် လို သိရပါတယ်။ ဒီဖြစ်စဉ်ကို အနီးစပ်ဆုံး သိတဲ့ နာဂဒေသခံ တစ်ဦးက အခုလို ပြောဆိုပါတယ်။
“ဖမ်းသွားတာအများကြီးပဲ။ စစ်သင်တန်းပြီးရင် စစ်သားလုပ်၊ ရှေ့တန်းပို၊ ဒီလောက်ပဲသိတယ် အခြားအကြောင်းရင်းတော့ မသိနိုင်ဘူး။ တာဝန်ယူမယ့်သူလည်း မရှိ၊ လုံခြုံမှုလည်း မရှိတဲ့အပြင် ဘယ်သူ့ကိုမှလည်းမယုံတော့ ဘာမှလည်း မပြောရဲဘူး။ တရွာနဲ့ တရွာ သွားလာတာကအစ မလုံခြုံဘူး။ တောင်ယာ၊ လယ်တော၊ နေရာတကာ သူတိုလွမ်းမိုးထားတယ်လေ” ဆိုပြီး ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကချင်နဲ့ နာဂ လူမျိုး အများစု ဖြစ်တယ်လို သိရပါတယ်။
သတင်း- Naga News