မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ဒါနရဲ့အားက
ကျော်ကြားမယ် ထင်ရှားမယ်
ပြည့်စုံပြီး အခြံရံတွေနဲ့ နေရမယ် ။

သီလရဲ့အားကတော့
ပရိတ်သတ်ထဲ ရဲဝံ့စွာနေရမယ်

ဘေးကင်းတည်ငြိမ်တိတ်ဆိတ်မယ်
မငြှိုးငယ်စွာ သေရမယ် ။

ပြုထားတဲ့ဒါနတွေက
သေခါနီးမှာ အမှတ်မရဘူးဆိုရင်
ဘ၀ကောင်းဖို့ မလွယ်ကူနိုင်ပါဘူး ။

သီလကတော့
အမြဲစိတ်ကိုတည်ငြိမ်စေနိုင်လို့

သေရေးအတွက် အပါယ်ဘေး
အတွက်စိတ်အေးရစေနိုင်ပါတယ် ။

ရုပ်၀တ္ထုဆိုင်ရာပြည့်စုံမှုချမ်းသာကို
ဒါနကပေးနိုင်သလို

စိတ်ပိုင်း ဆိုင်ရာချမ်းသာမှုကိုလည်း
သီလတရားက ပေးနိုင်ပါတယ် ။

ကိုယ်စိတ်နှစ်ပါးချမ်းသာဖို့ဆိုရင်
တရားနှစ်ပါး ရှိထားကြဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏