ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသရာ ပြည်သူများ လာရောက်လေ့လာ

ဇန်နဝါရီ ၅ ရက်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ
အစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်ရှေ့ တပေါင်းကွင်း၌ ဒုတိယနေ့
အဖြစ် ခင်းကျင်းပြသထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနား
တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများ တစ်ခဲနက် လာရောက် လေ့လာကြည့်ရှုကြပါတယ်။
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက နွေးထွေးစွာ ကြိုဆို
ပြခန်းများနှင့်အရောင်းဆိုင်များရှိရာ တပေါင်းကွင်းအတွင်းသို လာရောက်ကြသည့် ပြည်သူများကို သတ်မှတ်နေရာများ
အလိုက် နေရာယူထားကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ဗဟုသုတများ၊ ဒေသန္တရဗဟုသုတ များကို
အဖွဲ့လိုက် မျှဝေပေးကြပါတယ်။
စည်ကားလျက်ရှိ
ပြပွဲသို့ လာရောက်လေ့လာကြသူများအနေဖြင့် လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်ကြီးများ၊
ရိုးသားဖြူစင်ဖော်ရွေလှသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသူများဖြင့်
အထူးစည်ကားလျက်ရှိပါတယ်။
အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်း သားရိုးရာယဉ်ကျေးမှုအဖွဲဝင်များက သက်ဆိုင်ရာ ရိုးရာယဉ်ကျေးမှုအက
အလှများ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များကို ပေါ်လွင်စေသည့် သီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွ
စေမည့် သီချင်းများ၊ ရိုးရာသိုင်းအကအလှများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်ကြီးများ
ရှေ့နှင့် ပြခန်းများရှေ့တွင် ကပြဖျော်ဖြေကြရာ အတူပျော်ရွှင်စွာ သီဆိုကခုန်ပါဝင်ဆင်နွှဲခြင်းကြောင့်လည်း အထူး
စည်ကားလှပါတယ်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ ဒေသထွက်အစားအသောက်များကို ပြည်သူများ စိတ်ကြိုက်
သုံးဆောင်နိုင်ရန်အတွက်လည်း တိုင်းရင်းသားရိုးရာ ဒေသထွက်အစားအသောက်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး
လျက်ရှိတယ်လို့ သိရပါတယ်။
ရောင်းချပေးလျက်ရှိ
ထို့ပြင် တိုင်းရင်းသားရိုးရာဝတ်စုံများနှင့် အထိမ်းအမှတ်ပစ္စည်းများကို ပြည်သူများ အမြတ်တနိုးတန်ဖိုးထား ဝယ်ယူဝတ်
ဆင်နိုင်စေရန်အတွက်လည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိပါတယ်။
ကံစမ်းမဲအစီအစဉ်
ထို့ပြင် ကျောင်းသား ကျောင်းသူများနှင့် လူငယ်များ စိတ်ဝင်တစားဖြစ်စေရန်အတွက်လည်း ပြခန်း များတွင် ရင်ခုန်
စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိဖြေကြားသည့်အစီအစဉ်များ၊ ကိုယ်တိုင် ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစား
ခြင်းအစီအစဉ်များနှင့် လက်ပန်းချီရေးဆွဲပေးခြင်းကဲ့သို့ အစီအစဉ်ကောင်းများကိုလည်း ထည့်သွင်းထားသည်ကို တွေ့မြင်ရပါတယ်။
ဖျော်ဖြေရေးအစီအစဉ်များအဖြစ် ညပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တိုင်းကျိုးပြည်ပြု
တေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်
နှင့်ဇာတိမာန် တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်
ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲများက ရိုးရာတေးသီချင်းများကို အကအလှများပေါင်းစပ်၍ လည်းကောင်း
မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများတစ်ခဲနက် ပါဝင်ဆင်နွှဲကြပါတယ်။
ဝန်ကြီးဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာ
အစားအစာပြခန်း ၁၅ ခန်း စုစုပေါင်းပြခန်း ၅၅ ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ် ၂၆ စီး၊
နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဂုဏ်ပြုယာဉ် ၁၅ စီး၊ (၇၅)နှစ်မြောက် စိန်ရတု
လွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်တစ်စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်တစ်စီးနှင့် တပ်မတော်ကိုယ်စားပြုဂုဏ်ပြု
ယာဉ် ငါးစီး စုစုပေါင်း ဂုဏ်ပြုယာဉ် ၄၈ စီးတိုကို ဇန်နဝါရီ ၄ ရက်မှစတင်၍ ဇန်နဝါရီ ၈ ရက်အထိ ခင်းကျင်း
ပြသပေးလျက်ရှိရာ မိဘပြည်သူများ အခမဲ့လာရောက်လေ့လာကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရပါတယ်။