အောင်လအန်ဆန်နှင့် ထိုးသတ်မည့်ကစားသမား ဒဏ်ရာကြောင့်အပြောင်းအလဲဖြစ်ပေါ်

ပြီးခဲ့သည့် လတွင် one fight night ပြိုင်ပွဲတွင် တရုတ်ဖိုက်တာ ဖန်ရောင်နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဟု

သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ပြိုင်ပွဲနီးကပ်လာတဲ့ အချိန်မှာတော့ ဖန်ရောင်ဟာ ဒဏ်ရာကြောင့်

မကစားနိုင်တော့ဘဲ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့မှာပဲ ဘရာဇီးနိုင်ငံသား ဂျီဘာတိုဂယ်ဗီအိုနှင့်

ယှဉ်ပြိုင်ထိုးသတ်သွားမှာပဲဖြစ်ပါတယ်…

အဆိုပါပြိုင်ပွဲကို အမေရိကန်နှင့် ကနေဒါကိုပါ ဈေးကွက်ချဲ့ ထွင်တဲ့ အနေနဲ့ ဒေသစံတော်ချိန် နံနက်အစောပိုင်းမှာ ကျင်းပမှာဖြစ်ပါတယ်…

ယခုပွဲစဉ်မှာ တွဲဆိုင်းပြောင်းလဲမှုနှင့် အတူ ဝိတ်တန်းပါ ပြောင်းလဲမှုရှိကြောင်းသိရှိရပါတယ်..