ရခိုင်ပြည်နယ် မုန်တိုင်းဘေးသင့်ပြည်သူများအတွက်ထိုင်းဝန်ကြီးချုပ်ကလှူဒါန်း

မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဝဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ် ခြင်းအခမ်းအနားကို  မေလ ၂၂ ရက် နံနက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အစိုးရအိမ်တော်တွင် ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ်ချန်အိုချာက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေထံသို့ လှူဒါန်းပစ္စည်း (၃၇၀၆၆.၉၈ ပေါင် / ၁၆.၅၅ တန်) စာရင်းအား ထိုင်းဝန် ကြီးချုပ်ကပေးအပ်ခဲ့ကြောင်းသိရသည်။