မဟာသင်္ကြန်ကို ဖျက်ဆီးခဲ့တဲ့ NUG/PDF တို့ရဲ့မှတ်တမ်း

NUG လက်ပါးစေ PDF တွေ
၁၃ ရက်နေ့က လားရှိုးမြို့အဝင် ရန်တိုင်းအောင် ဘုရားအနီးမှာ ကားဗုံးခွဲ တိုက်ခိုက်လို့
​အပြစ်မဲ့ပြည်သူ ၄ ဉီး သေဆုံးပြီး ၃ နှစ်အရွယ်ကလေး အပါအဝင် ၁၁ ဦး ဒဏ်ရာရခဲ့သလို

အဲ့ဒီ ၁၃ ရက်နေ့မှာပဲ
စစ်ကိုင်း၊ ရွှေကြယ်ပုံကျေးရွာကို အကြမ်းဖက် PDF တွေ Drone bomb နဲ့ တိုက်ခိုက်လို့ ရေဆော့နေတဲ့
ကလေးငယ်၁၇ ဦးဒဏ်ရာရပြီး ၃ ဦး သေဆုံးခဲ့ရပါတယ်။

၁၄ ရက်နေ့မှာတော့ ဟုမ္မလင်း၊ အောက်တောင်ပေါ်ကျေးရွာမှာ PDF တွေ ဗုံးခွဲတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံးပြီး ပြည်သူ ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၁၅ ရက်နေ့မှာတော့
သာယာဝတီ၊ သုံးဆယ်မြို့က we love thonze မဏ္ဍပ်ကို ဗုံးခွဲတိုက်ခိုက်ဖို့လာတဲ့ PDF အကြမ်းဖက် ၂ ဦးကို
လက်လုပ်ဗုံးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့။

ကယား ၊ လွိုင်ကော်က ပြည်နယ်အစိုးရရုံးမဏ္ဍပ်ကို KNDF/ PDF တွေ Drone ဗုံး၊ ရှော့တိုက်ဒုံးတွေနဲ့
တိုက်ခိုက် အပြစ်မဲ့ပြည်သူ ၂၈ ဦး ဒဏ်ရာရရှိခဲ့။

ဒီလို သင်္ကြန်မဏ္ဍပ်တွေကို တိုက်ခိုက်လိုက်တော့ တော်လှန်ရေးကြီး အောင်သွားလာ?

မင်းတို့ PDF ဆိုတာကလေ မရှိခင်တော့ အလှူခံတယ်
လက်ထဲ သေနတ်ရောက်လာတော့ပြည်သူကို အနိုင်ကျင့်တယ်ဆိုတဲ့
မျောက်အုန်းသီးရထားတဲ့ကောင်အဖွဲ့တွေ။

ဒီလုပ်ရပ်တွေဟာ NUG ရဲ့ စေခိုင်းမှုနဲ့အကြမ်းဖက် PDF တွေရဲ့ အရပ်ဖက်ပစ်မှတ်ကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ခဲ့တယ် ဆိုတဲ့ သက်သေပြချက်တွေပဲဖြစ်တယ်ဆိုတာ ကမ္ဘာကို သက်သေများနှင့်အတူ ချပြလို့ရသွားတာ။

ဒီလိုလုပ်ရပ်တွေကျတော့ အနောက်နိုင်ငံနဲ့ တစ်ခြားနိုင်ငံတွေကလည်း နှုတ်ဆိတ်နေကြတယ်။ ဒီလိုကျတော့ ဝမ်းနည်းကြောင်းတွေ တံခါးပိတ်ဖို့တွေမစဉ်းစားကြဘူး…တံခါးပိတ်ဖို့ လက်များညှပ်သွားလို့လား?