အမေရိကန်ရဲ့ ယူကရိန်းအပေါ် လက်နက်ထောက်ပံ့မှုကို ကမ္ဘောဒီးယား ကန့်ကွက်

စစ်လက်ကျန်ပစ္စည်းများ၏ဒဏ်အား အလူးအလိမ့်ခံနေရဆဲဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏ဝန်ကြီးချုပ် မစ္စတာဟွန်ဆန်က အမေရိကန်သမ္မတအား ယူကရိန်းသို Cluster ဗုံးများမပေးရန်မေတ္တာရပ်ခံခဲ့ပြီး ယူကရိန်းသမ္မတအားလည်း အဆိုပါဗုံးများအသုံးမပြုရန် အနူးအညွတ်မေတ္တာရပ်ခံခဲ့ကြောင်းသိရသည်။

လူသားချင်းစာနာမှုအဖွဲ့အစည်းများကလည်း လာမည့်နှစ်ပေါင်းများစွာအထိ အရပ်သားပြည်သူများအတွက် ဒုက္ဒဖြစ်စေနိုင်သည့် Cluster ဗုံးထောက်ပံ့ပေးမည့် အမေရိက၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။