မော်စကိုရှိဂီတဖျော်ဖြေပွဲအား ISIS အဖွဲ့မှဝင်ရောက်ပစ်ခတ်

မော်စကိုမြို့ပြင်ရှိ ကရိုကပ်စ်မြို့တော်ခန်းမအတွင်း ဂီတဖျော်ဖြေပွဲပရိသတ်အတွင်း သေနတ်သမားတစ်စုက ဝင်ပစ်သဖြင့် လူ ၄၀ကျော်သေဆုံးပြီး ၁၄၅ ဦးဒဏ်ရာရရှိတယ်လို့ သိရတယ်။

အကြမ်းဖက်သမားတွေက မောင်းပြန်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ လုပ်ရပ်ဟာ ၎င်းတို့ရဲ့လုပ်ရပ်ဖြစ်တယ်လို့ ISIS က ဝန်ခံပြောကြားခဲ့ပါတယ်။

ဆီးရီးယားစစ်ပွဲမှာ ရုရှားနဲ့ထိပ်တိုက်တွေ့ပြီး အတော်ချိနဲ့သွားတဲ့ ISIS တွေ တကြော့ပြန်လာပြီလားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။ ISIS တွေဟာ အမေရိကန်မွေးဖွားပေးခဲ့တဲ့ အကြမ်းဖက်အဖွဲ့လည်း ဖြစ်ပါတယ်။