အင်းတော်မြို့နယ်၊ နံ့သာကျေးရွာအနီးတွင် KIA/PDF များ၏ အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ဧပြီလ ၇ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် အင်းတော်မြို့နယ်၊ နံ့သာကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များနှင့် KIA/PDF အကြမ်းဖက်များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး KIA/PDF များ အထိနာကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။

ဆုတ်ခွာထွက်ပြေးသွားသော KIA/PDF များနောက်သို့ လုံခြုံရေးအဖွဲ့ဝင်များမှ ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ

  • KIA/PDF အလောင်း– ၃ လောင်း
  • ပစ္စတိုသေနတ် –၁ လက်
  • KA သေနတ် —၁လက်
  • ကျည်ဆံ —၁၅၉ တောင့်
  • အာပီဂျီ —၁ လက်
  • အာပီဂျီ ဒုံးသီး —၂ လုံး
  • ကျောပိုးအိတ် ၇ လုံး တို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရပါတယ်။