ကင်ဂျုံအွန်နှင့်သမီး ဒုံးပစ်လောင်ချာ စက်ရုံကို စစ်ဆေးကြည့်ရှုနေသည့် ဓာတ်ပုံ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ၎င်း၏သမီးအနေဖြင့် ဒုံးပစ်လောင်ချာစက်ရုံကို စစ်ဆေးကြည့်ရှုနေသည့်ဓာတ်ပုံ ထွက်ပေါ်လာကြောင်း သိရသည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာစဉ် အဆိုပါဓာတ်ပုံ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကင်ဂျုံအွန်နှင့်သမီးတို့ အနေဖြင့် အမြင့်ပျံ ဒုံးကျည်များအတွက် ဒုံးပစ်လောင်ချာများ ထုတ်လုပ်နေမှုကို စစ်ဆေးကြည့်ရှုခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNAသတင်းဌာနက ဖော်ပြထားသည်။

ကင်ဂျုံအွန်အနေဖြင့် မည်သည့်အခါမျှ ပြီးဆုံးမည်မဟုတ်သည့် အဟန့်အတားအတွက် နည်းဗျူဟာနှင့် မဟာဗျူဟာမြောက် ဒုံးကျည်များကိုပစ်လွှတ်နိုင်သော  ဒုံးပစ်လောင်ချာစက်ရုံ၏ အရေးပါမှုကို အလေးထားပြောကြောင်း သတင်းဌာနက ဆက်လက်ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား ဆက်ဆံရေးသည် လုံးဝကို  ရန်ဘက်များသဖွယ် ဖြစ်သွားပြီဖြစ်ကြောင်းနှင့် လက်တွေ့သဘော အရဆိုလျှင် နှစ်နိုင်ငံကြား စစ်ဖြစ်နေကြောင်း ကင်ဂျုံအွန်က ပြောထားသည်ဟု သိရသည်။

#PAN