စီအိုင်အေထောက်လှမ်းရေးတစ်ဦးကို တရုတ်ဖော်ထုတ်ဖွင့်ချ

အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) အတွက် အလုပ်လုပ်ပေးနေတဲ့ ထောက်လှမ်းရေးတစ်ဦးကို တရုတ်က ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ အဲဒီထောက်လှမ်းရေးဟာ တရုတ်အမျိုးသားဖြစ်ပြီး အရေးကြီးတဲ့ စစ်ရေးအချက်အလက်တွေ အလဲအလှယ်လုပ်ဖို့ အမေရိကန်ထံမှ ငွေကြေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကမ်းလှမ်းတာ ခံခဲ့ရကြောင်း ဘေဂျင်းအစိုးရရဲ့ နိုင်ငံ့လုံခြုံရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အသက် ၅၂ နှစ်အရွယ် Zeng ကို အီတလီနိုင်ငံသို့ ပညာသင်ကြားရန် စေလွှတ်ထားတာကြောင်း နိုင်ငံ့လုံခြုံရေး ဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၁ ရက် ရက်စွဲ ထုတ်ပြန်ခဲ့တာပါ။

အီတလီနိုင်ငံ၊ ရောမမြို့ရှိ အမေရိကန်သံရုံးမှာ အခြေချထားတဲ့ စီအိုင်အေအေးဂျင့်တစ်ဦးနဲ့ Zeng ဟာ ရင်းနှီးကျွမ်းဝင်သွားခဲ့ပါတယ်။