အိန္ဒိယမှာ မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုဖြစ်ပွား

အိန္ဒိယနိုင်ငံ မာဒယာပရာဒေ့ရှ် ပြည်နယ် ဟာဒါခရိုင် ဘိုင်ရာဂတ်ကျေးရွာရှိ တရားမဝင် မီးရှူးမီးပန်းစက်ရုံတစ်ခုမှာ ပြင်းအား အချင်းဝက် ၁၅ ကီလိုမီတာဝန်းကျင်ခန့်ထိရှိတဲ့ အကြီးစားပေါက်ကွဲမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးကာ ဒါဇင်များစွာဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ယင်းစက်ရုံဟာ အလုပ်သမား ၂၀၀ ကနေ ၃၀၀ ဝန်းကျင် အလုပ်လုပ်နေတဲ့ စက်ရုံဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန်က စက်ရုံအတွင်းမှာ လူဘယ်လောက်များများ ရှိနေခဲ့သလဲဆိုတာကိုတော့ မသိရသေးကြောင်းနဲ့ ပေါက်ကွဲမှု အရှိန်ကြောင့် စက်ရုံဝန်းကျင်က အဆောက်အအုံ ၁၀ လုံးလောက် ပျက်စီးသွားခဲ့တယ်လို့လည်း ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ခရိုင်အကြီးတန်းအရာရှိ ကိုင်လက်ရှ် ချန်ဒီပါတေးက ပြောဆိုခဲ့ပါတယ်။ #Crd