တရုတ်စစ်တပ်အတွင်းက ရှုပ်ထွေးနက်နဲလာတဲ့ ဖြုတ်ထုတ်သတ်များ

  တရုတ်ခေါင်းဆောင်များသည် စစ်တပ်အတွင်း အာဏာဗဟိုများကို ပစ်မှတ်ထားကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုကို တိုးချဲ့လုပ်ဆောင်နေပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးတွင် အကဲ ဆတ်သည့်အချိန်အတွင်း မတည်မငြိမ်မှုနှင့် ယုံကြည်မှုအကျပ်အတည်းများကို အန္တရာယ်ဖြစ်စေသည်ဟု Axios သတင်းတွင် ဖော်ပြထားသည်။

     မကြာသေးမီက သုတ်သင်ရှင်းလင်းမှုများ သည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် ရင်ဆိုင်နေရသော အတားအဆီးများကို ပေါ်လွင်စေကာ ၂၀၅၀ ခုနှစ်တွင် ၎င်း၏ စစ်ရေးခေတ်မီမှု အရှိန် အဟုန်ကို အပြီးသတ်ရန် ကြိုးပမ်းနေပါသည်။

     တရုတ်ဗိုလ်ချုပ်ကိုးဦးနှင့် တရုတ်ကာကွယ်ရေးနည်းပညာအရာရှိ သုံးဦးတို့ကို တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအကြံပေးအဖွဲ့မှ ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းတွင် ဖယ်ရှားခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြသည်။

      ဗိုလ်ချုပ်များသည် တရုတ်နိုင်ငံ၏ ဒုံးကျည်အစီ အစဉ်ကို ကြီးကြပ်သည့် Rocket Force မှ အများစု လာကြသည်။

     “မဟာဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့သည် ၎င်း၏အမျိုးသားလုံခြုံရေး၏ အဓိကအချက်ဖြစ်ပြီး ထိုင်ဝမ်အတွက် နောက်ဆုံးအား ကိုးရာအဖြစ် တရုတ်နိုင်ငံက မှီခိုနေရသည်” ဟု DC အခြေစိုက် Stimson Center မှ တရုတ်ပရိုဂရမ်ဒါရိုက်တာ Yun Sun က Reuters သို့ ပြောကြားခဲ့သည်။

       “တရုတ်ပြည်ရဲ့ အရှုပ်အထွေးတွေကို ရှင်းပြီး ဒုံးပျံတပ်ဖွဲ့ရဲ့ အရည်အချင်းနဲ့ ယုံကြည်စိတ်ချရမှုအပေါ် ယုံကြည်မှုတွေ ပြန်လည်ရရှိဖို့ အချိန်အနည်းငယ် ယူရလိမ့်မယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံဟာ အားနည်းတဲ့ နေရာမှာ ရှိနေတယ်လို့ ဆိုလိုပါတယ်။” ၎င်းက ဆိုသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တွင် အကျင့်ပျက်ခြစားမှုများသည် ကာလကြာရှည်စွာ အစုလိုက်အပြုံလိုက်ဖြစ်ပွားနေခဲ့သည်။

     ခေတ်မီလက်နက်စနစ်များနှင့် အစိတ်အပိုင်းကဏ္ဍများတွင် အကျင့်ပျက်ခြစားမှုအထောက် အထားများ သည် ၎င်း၏စစ်တပ်ကို ခေတ်မီအောင်လုပ်ဆောင်ရန် တရုတ်နိုင်ငံ၏ တွန်းအားပေးမှုကို နှောင့်နှေးသွားစေနိုင်ပြီး “အမေရိကန်ကို စစ်ရေးအရ အမီလိုက်နိုင်တဲ့ တရုတ်နိုင်ငံရဲ့ စွမ်းရည်ကို တစ်စတစ် စဖြင့် ကွဲသွားနိုင်တယ်” ဟု Sung က ပြောကြားခဲ့သည်။

      ဇူလိုင်လတွင် ရှီက လက်နက်ကိုင်တပ်ဖွဲ့များအတွင်း “နက်ရှိုင်းသော ပြုပြင်ပြောင်းလဲမှုများ” နှင့် “စစ်တပ်၏ ဗျူဟာမြောက် စီမံခန့်ခွဲမှုကို ပိုမိုကောင်း မွန်အောင် လုပ်ဆောင်ရန်” တောင်းဆိုခဲ့သော်လည်း တရုတ်အစိုးရသည် ဝန်ထမ်းရေးရာ လှုပ်ရှားမှုနှင့်ပတ်သက်၍ မှတ်ချက်မပေးသေးပေ။

       အကျင့်ပျက်ခြစားမှုသည် ပါတီ၏ တက်ကြွမှုနှင့် တိုက်ခိုက်ရေး ထိရောက်မှုကို ထိခိုက်စေသည့် အကြီးမားဆုံး ကင်ဆာဖြစ်ပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးသည် စေ့စေ့စပ်စပ် ကိုယ်တိုင်တော်လှန်ရေးဖြစ်သည်” ဟု ယမန်နှစ် ၂၀ ကြိမ်မြောက် ပါတီကွန်ဂ ရက်တွင် ရှီက ပြောကြားခဲ့သည်။

     ယခု ဖယ်ရှားမှုများသည် တရုတ်နိုင်ငံရှိ ထိပ်တန်းကာကွယ်ရေးအရာရှိများကို ပစ်မှတ်ထားသည့် အစီအစဥ်တစ်ခုတွင် နောက်ဆုံးဖြစ်စဥ် ဖြစ်သည်။

     သြဂုတ်လတွင်၊ တရုတ်၏နျူကလီးယားနှင့် ဒုံး ကျည်တပ်ဖွဲ့ကို ကြီးကြပ်ကွပ်ကဲသည့် ဗိုလ်ချုပ်နှစ်ဦးကို ဖယ်ရှားခဲ့ပြီး အလွန်ထူးခြားသောလှုပ် ရှားမှုဖြင့် တပ်ဖွဲ့၏ ပြင်ပမှအရာရှိများနှင့် အစားထိုးခဲ့သည်။

     တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း Li Shangfu သည် ယခုနှစ်အစောပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ၎င်း၏ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီးဟောင်း Qin Gang သည် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ၏ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခုနှစ်တွင်လည်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

      Li အဖမ်းခံရချိန်မှစ၍ အမေရိကန်နှင့် အခြားအစိုး ရများ၏ မသေချာမရေရာမှုများကို သက်သာရာရစေမည့် ရေတပ်ဗိုလ်ချုပ် Dong Jun ကို ကာကွယ်ရေးဝန်ကြီးအသစ် တရုတ်က သောကြာနေ့တွင် ခန့်အပ်ခဲ့သည်ဟု Axios သတင်းဌာနက ဖော်ပြထားသည်။

crd; pan