ထိုင်းက ကွန်ဒိုခေါင်မိုးပေါ် မြန်မာ ၂ ဦး ဓာတ်လိုက်သေဆုံး

ထိုင်းနိုင်ငံ ကဘန်ကောက်မြို့ ဟွေးခဝမ်ရပ် ရာဇ်ဒါဖိစေက် လမ်းသွယ်က ၉ ထပ်တိုက် ကွန်ဒိုအဆောက်အအုံပေါ် ရေကန်သန့်ရှင်းရေးလုပ်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး ရေကန်အတွင်း ရေပတ်ဖြန်းရာမှာ ဓာတ်လိုက်သေဆုံးခဲ့တာလို့ သိရပါတယ်။ ကွန်ဒိုတိုက်ခန်း ခေါင်မိုးတစ်ခုအပေါ် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး ရေကန်သန့်ရှင်းရေးလုပ်ရာက ဓာတ်လိုက်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဘန်ကောက်မြို့ ဟွေးခဝမ်ရပ် ရာဇ်ဒါဖိစေက် လမ်းသွယ်က ၉ ထပ်တိုက် ကွန်ဒိုအဆောက်အအုံပေါ် ရေကန်သန့်ရှင်းရေးလုပ်ခဲ့တဲ့ မြန်မာလုပ်သားနှစ်ဦး ရေကန်အတွင်း ရေပတ်ဖြန်းရာမှာ ဓာတ်လိုက်သေဆုံးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီသေဆုံးသွားတဲ့ မြန်မာ ၂ ဦးဟာ အသက် ၄၅ နှစ်နဲ့ အသက် ၅၀ ခန့်အရွယ်တွေဖြစ်ပြီး သူတိုရုပ်အလောင်းကို ရာမာဌိပဓီဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။