လွယ်ဆောင်ရွာရှိ တိုင်းရင်းသားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ လွယ်ဆောင်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများအား နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ၁၁၁ ဦးတို့ကို အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ မျက်စိရောဂါ၊ အတက်ရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။