မင်္ဂလာရှိသော နံနက်ခင်းလေးပါ

လူပီသဖို့ စာနာစိတ်တွေနဲ့
တစ်ကိုယ်တော် ပရဟိတတွေလည်း
နိုင်သလောက် လုပ်စေချင်တယ် ။

လူလူချင်း ဖြစ်ပေမယ့်
နေစရာမရှိ စားစရာမရှိသူတွေကို
တတ်နိုင်သလောက် ဖြည့်စေချင်တယ် ။

ကံချင်းမတူလို့ နေရာမတူတာကို
နားမလည်လို့လည်း မဟုတ်ပါဘူး ။

စာနာသနားတတ်တဲ့စိတ်တွေ
လူသားတွေမှာ ကိန်းစေချင်လိို့ပါ ။

သိန်းဆယ်ကျော်တဲ့ အ၀တ်လည်း
တစ်ခါ၀တ်ပြီးရင်ဘာမှမဟုတ်တော့ဘူး ။

သိန်းရာကျော်တဲ့ ကားတွေလည်း
သေရင် ဘာမှမပိုင်ဆိုင်နိုင်တော့ဘူး ။

ဒါကြောင့်မို့ ဆယ်ကျော်တန်ထဲခွဲလှူ
ရာကျော်တန်ထဲက ဝေစားလို့

လူအချင်းချင်း မသေခင်လေးမှာ
သူ့ဒုက္ခကိုစာနာ ကိုယ့်ဒုက္ခကိုဖြေရှင်းပြီး

ဆင်းရဲကင်းတဲ့ ကမ္ဘာလေးကို
ပရဟိတစိတ်ထားနဲ့ထူထောင်နိုင်ပါစေ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏