NLD အမတ်ဟောင်းကို NUG အဖွဲ့ကဖမ်းဆီး လုပ်ကြံ

NLD ပါတီဝင် လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို NUG လက်အောက်ခံအဖွဲ့များက ဖမ်းဆီး အစဖျောက်ခဲ့သည့်လုပ်ရပ်နှင့်ပတ်သက်၍ ပြည်တွင်းနေ လွှတ်တော်အမတ်ဟောင်းအချို့က နိုင်ငံတကာသံတမန်များနှင့် အဖွဲ့အစည်းအချို့ထံသို့ တိုင်တန်းလွှာများပေးပို့ထားမှုကြောင့် အမေရိကန် FBI ဘက်ကပါ စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင် နေကြောင်း ဖေဖော်ဝါရီလ (၂၈)ရက်အထိ စုံစမ်းထားချက်အရ သတင်းရရှိပါတယ်

ပြောရရင် ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာပဲလား မြွေ‌‌ပွေးခါးပိုက်ပိုက်မိတဲ့ NLD တို့ရဲ့ဖြစ်ရပ်ကတော့ မြင်မကောင်းပါဘူး။

နေရာအနှံ့ အသတ်ခံရတဲ့လူတွေရော အစဖျောက်ခံရတာတွေရောနဲ့ သူတို့အချင်းချင်း ပြောင်းဖူးလိုပဲ လှည့်စားနေကြတာ

ပျက်ပြယ်ခဲ့ပြီးဖြစ်သော NLD ပါတီ၏ ဒီပဲယင်း လွှတ်တော်အမတ်ဟောင်း ဦးဝင်းမြင့်အောင်ကို ဒီပဲ ယင်းမြို့ အရှေ့တောင်ဘက် ၂၂ မိုင်ခန့်အကွာ မူးကမ်းကြီးကျေးရွာအနီးတွင် NUG ၏ ဒီပဲယင်းမြို့နယ် ပကဖ လက်အောက်ခံအဖွဲ့တစ်ဖွဲ့က ၂၀၂၃ ခုနှစ် ဇွန်လ(၈)ရက်တွင် ဖမ်းဆီးခဲ့တာလို့ သိရတယ်။