မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🪴ကိုယ့်အကြောင်းကိုပဲ တွေးပါ🪴

သူတစ်ပါးကို
အထင်သေးနေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ

သူတစ်ပါးကို
အပြစ်ပြောနေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
အပြစ်ကင်းအောင် ကြိုးစားပါ

သူတစ်ပါးကို
ဝေဖန်နေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
ဝေဖန်မှုကင်းအောင် ကြိုးစားပါ

သူတစ်ပါးကို
ကဲ့ရဲ့နေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
ကဲ့ရဲ့ခြင်းလွှတ်အောင် ကြိုးစားပါ

သူတစ်ပါးကို
အပုတ်ချနေမယ့်အစား
ကိုယ့်ကိုယ်ကိုယ်
တန်ဖိုးရှိအောင် ကြိုးစားပါ

သူတစ်ပါးအကြောင်းထက်
ကိုယ့်အကြောင်းက
ကိုယ့်ဘဝက ပိုပြီးအရေးကြီးတယ်

ကိုယ့်ရဲ့
တန်ဖိုးရှိတဲ့ အချိန်တွေကို
သူတစ်ပါးအတွက် အသုံးချနေမယ်ဆိုရင်

သင့်ဘဝဟာ
ဘယ်အရာမှာ တိုးတတ်လာမှမဟုတ်ဘူး
အရာရာတိုင်း ဆုတ်ယုတ်လာလိမ့်မယ်

ဘဝဟာ
အဲ့လိုဆုတ်ယုတ်လာပြီဆိုရင်
ပျော်ရွှင်စရာ မကောင်းတော့ဘူး

ပျော်စရာမကောင်းရင်
ဘဝဟာ
အသက်ရှင်လျှက်နဲ့
ဘဝသေနတဲ့သူနဲ့ အတူတူပါပဲ

ဒါကြောင့်
ဘဝဟာ
အသက်ရှင်လျှက်နဲ့
ဘဝသေနေသူ မဖြစ်ရအောင်

ဘဝကို
ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်အောင်

သူတစ်ပါးအကြောင်းကို
တွေးနေမယ့်အစား
အချိန်ရတိုင်း
ကိုယ့်အကြောင်းကိုပဲ တွေးပါ ။

🙏✍️အရှင်ဇဝန (ရွှေကုန်းမြ)✍️🙏

မေတ္တာများစွာဖြင့်ပြန်လည်မျှဝေအပ်ပါသည်