မိုခါ မုန်တိုင်းသင့် ပြည်သူများအတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရက အမေရိကန် ဒေါ်လာ (၃) သိန်း လှူဒါန်း

မြန်မာနိုင်ငံရှိ “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများအတွက် ကမ္ဘောဒီးယားနိုင်ငံအစိုးရက လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃) သိန်းကို ဒုတိယဝန်ကြီး H.E. Dr. Nhem Khemara က မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း ထံ ယနေ့ (ဇွန်လ ၂ ရက်) မနက်ပိုင်းတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရပါတယ်။