ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   စစ်တွေမြို့ရှိ လောကနန္ဒာ စေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို

ဖေဖော်ဝါရီ ၂၆ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများနှင့် စစ်တွေမြို့ရှိ နန္ဒာရာမ ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ နန္ဒသီရိ အား ဖူးမြော်ကြည်ညိုခဲ့ပါတယ်။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့ က နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေများနှင့် သာသနာရေးဆိုင်ရာများကို တင်ပြလျှောက်ထားပြီး တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများ ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်  ဇနီး၊ အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျက်သရေဆောင် လောကနန္ဒာ ဘုရားကြီးသို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ပြီး စေတီတော်ကြီး အတွင်းလှိုဏ် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကာ စေတီတော်ကြီးကို လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညို၍ စေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် စကြာမုနိသိမ်တော်မြတ်ကြီးအတွင်းရှိ စကြာမုနိဗုဒ္ဓ ရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်၍ ဘက်စုံအလှူ ငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါတယ်။