ယာယီတည်းခိုနေထိုင်သည့် မိသားစုဝင်များအားထောက်ပံ့ ငွေများ ပေးအပ်

လားရှိုးမြိုရှိ နယ်မြေခံ တပ်ရင်း/ တပ်ဖွဲ့များ၌ လာရောက်တည်းခိုနေထိုင်လျက်ရှိပြီး လားရှိုးမြို့၊ အမှတ်(၅)အခြေခံ ပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် တပ်မတော်သား မိသား စုဝင် ကျောင်းသား/ကျောင်းသူ ၅၆ ဦးအတွက် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ထောက်ပံ့ပေးအပ်သည့် ကျောင်းဝတ်စုံများ၊ ကျောပိုးအိတ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ ကျောင်းသုံးပစ္စည်းများကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများထံ သွားရောက် ထောက်ပံ့ ပေးအပ် ခဲ့တယ်လို့ သိရပါတယ်။