ကန့်ဘလူမြို့နယ်၊ ဆူးတပ်ကျေးရွာအနီးတွင် PDF အလောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊ ဆူးတပ်ကျေးရွာအနီးတွင် အကြမ်းဖက်PDF များ ခိုအောင်းနေထိုင်လျက်ရှိကြောင်း သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အကြမ်းဖက်များထံမှ-

  • PDF အလောင်း-၂ လောင်း
  • လက်လုပ်စိန်ပြောင်း -၂ လက်
  • လက်လုပ်သေနတ် -၁၈ လက်
  • ၅.၅၆ ကျည် -၄၈ တောင့်
  • လက်လုပ်စိန်ပြောင်း ဗုံးသီး -၁၂ လုံး
  • ဝရိန်ပုံး -၁ လုံး
  • တွင်ခုံ -၁ ခု
  • လက်လုပ်မိုင်း -၂၁ လုံး
  • ဆိုင်ကယ် -၁၂ စီး
  • အိုင်ကွန် -၂ လုံး
  • ရီမုခလုတ် -၂ ခု တို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရပါသည်။